CPM
CPM ကို အရှည်ကောက် Cost Per Mille လိုခေါ်ပါတယ် mille ဆိုတာ တစ်ထောင်ကိုပြောတာပါ။ တစ်နည်းအားဖြင့်ပြောရရင် ကြေငြာရှင်တွေကိုပေးရတာမမာဏကို တွက်တဲ့နေရာမှာသုံးပါတယ်။ ဖေ့ဘုတ်ကလူတစ်ထောင်ကိုပြပေးရင် ဖေ့ဘုတ်ကို ကြေငြာသူတွေကပေးရမဲ့ ကုန်ကျစရိတ် အညွှန်းကိန်းကိုခေါ်ပါတယ်။
ကြေငြာပြပေးတဲ့ အရေအတွက် တန်ဖိုးတစ်ခုအတွက်ဘဲပါပါတယ်၊ ကြေငြာကို (Click) လိုခေါ်တဲ့ နှိပ်တဲ့အရေအတွက်တွေမပါပါဘူး။
ဥပမာ။ ။ ဖေ့ဘုတ်က CPM = 5$ ကောက်ခံတယ်ဆိုရင်၊ ကြေငြာမဲ့သူတွေက ကြေငြာပြသပေးခ တစ်ထောင်တိုင်းအတွက် တန်ဖိုး 5$ ဖြစ်ပါတယ်၊ နှိပ်တဲ့အကြိမ်အရေအတွက် (CLick) လုပ်တဲ့တန်ဖိုးမပါဘူး။
CPM ဘယ်လိုအလုပ်လုပ်သလဲ?
Publisher တစ်ယောက်အနေနဲ့ CPM ဆိုတာ။
တကယ်လိုသင်က ကိုယ်ပိုင်ဝက်ဆိုဒ်တစ်ခုပိုင်တယ်ဆိုရင် သင်ရဲ့ဝက်ဆိုဒ်မှာ ကြေငြာလက်ခံမယ်ဆိုပါဆို့ သင်ဝက်ဆိုဒ်ကိုလာလှည်တဲ့သူပေါင်း တစ်ထောင်ကို သင်ရရှိမဲ့ပမာဏ CPM တန်ဖိုး 2$ ရရှိမှာဖြစ်ပါတယ်။
Publisher အနေနဲ့ နမူနာဖော်မြူလာပြရရင်
CPM = (စုစုပေါင်းရရှိမည့်ငွေပမာ ÷ စုစုပေါင်းပြသမှုအရေအတွက်) × 1000
- သင်ကစုစုပေါင်းရငွေပမာဏ $10 မှာ စုစုပေါင်းကြေငြာပြသမှုအရေအတွက် 5,000 ရရှိမည်ဆိုရင်
- CPM = ($10 / 5,000) × 1,000 = $2.00
- CPM = $2.00
Advertiser အနေနဲ့ နမူနာဖော်မြူလာပြရရင်
CPM = (ပေးရမဲ့ငွေပမဏ ÷ စုစုပေါင်းပြသမှုအရေအတွက်) × 1000
- ကြေငြာမှာသုံးမဲ့စုစုပေါင်းငွေပမာဏ $50 မှာ စုစုပေါင်းကြေငြာပြသမှုအရေအတွက် 10,000 ရရှိမည်ဆိုရင်
- CPM = ($50 / 10,000) × 1,000 = $5.00
- CPM = $5.00
(မှတ်ချက်။ ။ နှစ်ခုစလုံးအတွက်ဖော်မြူလာကအတူတူပါဘဲ၊ နမူနာအနေနဲ့ သေးစိတ်ရှင်းပြထားတာပါ။)
📈 CPM ကိုကြေငြာတွေမှာ ဘယ်လိုသုံးသလဲ
CPM ကိုကြေငြာတွေမှာ လုပ်ငန်းအောင်မြင်ဖို့အတွက် အသုံးများကြပါတယ်။ ဘယ်လိုနေရာတွေလဲဆိုတော့
- ✅ ကိုယ်ရဲ့ လုပ်ငန်းတိုးတက်ဖို့အတွက်
- ✅ ကုန်ပစ္စည်းအမှတ်တံဆိပ်ကြေငြာတဲ့နေရာတွေ
- ✅ စာ၊ ဓာတ်ပုံ၊ ဗီဒီယို၊ ဝက်ဆိုဒ်ဘန်ဒါ အစရှိတဲ့ ကြေငြာတွေ
- ✅ လူတွေကို ပြသပေးတဲ့နေရာတွေ
အစရှိတဲ့နေရာတွေမှာ (analysis) ခွဲခြမ်းစိတ်ဖြာဖို့အတွက် အသုံးများပါတယ်။
သတိထားရမဲ့အချက် CPM if:
- ❌ CPM ဆိုတာ (CLick) နှိပ်တဲ့အရေအတွက်နဲ့ conversions ဆိုတဲ့မက်ဆေ့ဝင်တဲ့ အချက်အလက်မပါပါဘူး
- ❌ သင်ကြေငြာက (content)ကြောင်းအရာ မကောင်းဘူးဆိုရင် CPM ကနှိမ့်နေပါလိမ့်မည်။
✅ အနှစ်ချုပ်ပြောရရင် CPM ကဘာကြောင့်အသုံးများတာလဲဆိုတော့
CPM ကို ဆိုရှယ်ပလက်ဖောင်းတွေဖြစ်တဲ့ ဖေ့ဘုတ်၊ ဂွတ်ဂဲနဲ့ ယူကြု ကြေငြာတွေမှာ အများဆုံးအသုံးများပါတယ်.
To သူရဲ့ကြေငြာကောင်းဖို့ဆိုရင်တော့
- 🎯 သေချာတဲ့ (audience)ဖောက်သည် ကိုအဓိကပစ်မှတ်ထားပါ
- 🎨 ကွာလတီတောင်းတဲ့ ကြေငြာဖြစ်အောင်တည်ဆောက်ပါ
- 📊 ကြေငြာတွေ ခြေရာခံပြီး (analysis) ခွဲခြမ်းစိတ်ဖြာပါ
