ဒစ်ဂျစ်တယ် မားကက်တင်းမှာ CTR ဆိုတာဘာလဲ? ဘယ်လိုအလုပ်လုပ်သလဲ?
CTR ကိုအရှည်ကောက် Click-Through Rate လိုခေါ်ပါတယ်။ ဒစ်ဂျစ်တယ် မားကက်တင်းမှာ အရေးပါတဲ့ အတိုင်းအတာတစ်ခုဖြစ်ပါတယ်။ CTR ကဘယ်လိုအလုပ်လုပ်သလဲဆိုတော့ ကြေငြာကိုမြင့်ပြီး (Click)နှိပ်တဲ့သူ အရေအတွက်ဘယ်လောက်ရှိသလဲဆိုတာကိုပြသတဲ့အရေအတွက်ဖြစ်ပါတယ်။ CTR သည် ဖေ့ဘုတ် ကြော်ငြာများ၊ တစ်တော့ ဗီဒီယိုများ၊ တယ်လီဂရမ် ကြေငြာများ၊ ဂွတ်ဂဲ ကြော်ငြာ၊ SEO နဲ့ တခြားစတဲ့ ဆိုရှယ်ပလက်ဖောင်းတွေများအသုံးများပါတယ်။
CTR ပုံသေနည်း
CTR (%) = (စုစုပေါင်းနှိပ်(Clicks) / စုစုပေါင်းပြသမှုအရေအတွက်) × ၁၀၀
အကယ်၍ ကြေငြာတစ်ခုမှာ စုစုပေါင်းပြသမှုအရေအတွက် ၂၀၀၀ ရှိတယ် နောက်ပြီး အဲ့ပြသမှုမှာနှိပ်တဲ့လူအရေအတွက် (Click) ၁၀၀ ရှိတယ်ဆိုပါဆို ကျန်တော်တို့ CTR ကိုဘယ်လိုရှာမလဲ?
(၁၀၀ ÷ ၂၀၀၀) × ၁၀၀ = ၅%
CTR = ၅%
CTR ကဘာကြောင့်အရေးကြီးတာလဲ?
- ကြော်ငြာကောင်းမကောင်း = CTR များလေ ကြော်ငြာရလဒ်ကောင်းလေ။
- SEO ကောင်းမကောင်း = SEO ကောင်းတဲ့စာမျက်နှာဟာ CTR မြင့်မားပါတယ်။
- ဖောက်သည်စိတ်ဝင်စားမှု = ကိုယ်ဖောက်သည်တွေက စိတ်ဝင်စားမှုရှိလားမရှိလားသိနိုင်ပါတယ်။
CTR ကိုဖေ့ဘုတ်မှာ လေ့လာမယ်
ဖေ့ဘုတ်က သင်ရဲ့ကြော်ငြာနဲ့ ပို့တွေကို ဘယ်လောက်ဆွဲဆောင်မှုရှိသလဲကို CTR နဲ့ပြပေးပါတယ်။ ဖေ့ဘုတ်က CTR ကိုမြင့်တင်ဖို့ဆိုရင်
- လူစိတ်ဝင်မှုများတဲ့ ဓာတ်ပုံ၊ ဗီဒီယို ကိုအသုံးပြုပါ။
- အရည်အသွေးပြည့်ဝတဲ့ (Content)အကြောင်းအရာတွေဖန်တီးပါ။
- မှန်ကန်တဲ့ ဖောက်သည်တွေကို ရှည်ရွယ်ချက်ထားပါ။
ယေဘုယျအားဖြင့် ဖေ့ဘုတ်ရဲ့ CTR က ပျမ်းမျှ = (၀.၉% – ၁.၆%) ကြားမှာရှိပါတယ်။
CTR ကိုတစ်တော့ မှာလေ့လာမယ်
တစ်တော့က မြန်မာနိုင်ငံကိုပိတ်ထားတဲ့အတွက် ကြော်ငြာမတက်ပါဘူး။ vpn သုံးတယ်ဆိုရင်ကြော်ငြာတက်ပါတယ် ကြေငြာတွေနှိပ်လိုက်တဲ့အခါ CTR တွက်ပါတယ်
- ကြေငြာကိုပထမဗီဒီယို ၃ စက္ကန့်ကြည့်နဲ့ စိတ်ဝင်စားအောင်ပြုလုပ်ပြီး CTR ကောင်းအောင်ပြုလုပ်ပါ
- ဝယ်မယ်ဆိုတဲ့ ခလုတ်ကိုနှိပ်ဖို့ သေချာပြင်ဆင်ထားပါ သေချာ ကြေငြာတည်ဆောက်ပါ
- hashtag များကိုအသုံးပြုပါ
ယေဘုယျအားဖြင့် တစ်တော့ CTR က ပျမ်းမျှ (၁% – ၃%) ကြားမှာရှိပါတယ်။
CTR ကိုတယ်လီဂရမ် မှာလေ့လာမယ်
တယ်လီဂရမ်မှာများသောအားဖြင့် ဂရု၊ ချန်နယ်တွေနဲ့ စက်ရုပ်(Bot) တွေမှာ လင့်မျှဝေတာနဲ့ ကြေငြာကိုနှိပ်တဲ့နေရာမှာအသုံးများပါတယ်. CTR များရင် ယူဇာတွေ အမြဲရှိတယ်(Acitve) နဲ့ စိတ်ဝင်စားမှုကိုတိုင်းတာပါတယ်
- ဆွဲဆောင်မှုရှိတဲ့ပုံနဲ့ စာတွေကိုတင်ပါ
- (Active Time) ဆိုတဲ့အချိန်တွေမှာ ပို့ကိုတင်ပါ
- လင့်ကလစ်နဲ့ စက်ရုပ်(bot) အသုံးပြုပြီးခြေရာခံပြီး ရလဒ်ကိုစစ်ဆေးပါ
CTR ကို ဆိုရှယ်မီဒီယာတွေရဲ့ ပျှမ်းမျှသတ်မှတ်ပုံစံ
- ဂူဂဲ ကြေငြာ (ရှာဖွေမှု): ၃% – ၆%
- ဖေ့ဘုတ် ကြေငြာ: ၀.၉% – ၁.၆%
- တစ်တော့ ကြေငြာ: ၁% – ၃%
- အီးမေး မားကက်တင်း : ၂% – ၅%
- တယ်လီဂရမ် ပို့ တွေမှာတော့ ချန်နယ်သို့မဟုတ်ဂရု ရဲ့ လူအရေအတွက်ပေါ်မှာမှုတည်ပါတယ်။
CTR ကောင်းအောင်ဘယ်လိုလုပ်မလဲ?
- အဓိပ္ပာယ်ရှိတဲ့ စာကြောင်းတွေနဲ့ဖော်ပြပါ
- ရှင်းလင်းပြီးဆွဲဆောင်မှုရှိတဲ့ စာရေးသားပါ
- ဝက်ဆိုဒ်တွေမှာ လူသုံးများတဲ့ ဖုန်းတိုင်းနဲ့ အဆင်ပြေအောင်ပြုလုပ်ထားပါ
- ကြော်ငြာများကို တစ်ခုနဲ့တစ်ခု ရလဒ်ကောင်းတာကိုရွေးချယ်ပြီး (A/B) စမ်းသတ်မှုများ ပြုလုပ်ပါ။
အနှစ်ချုပ်
CTR သည် ဆိုရှယ်မီဒီယာ ဒစ်ဂျစ်တယ် မားကက်တင်းနယ်ပယ်မှာ အသုံးများသော အတိုင်းအတာတစ်ခုဖြစ်သည်။. Whether you run ads or share content, understanding and improving your CTR can lead to more traffic, better results, and higher conversions.ကြော်ငြာများနဲ့ ပို့တွေမှာဆိုရင် CTR က လင့်လမ်းကြောင်း၊ ရလဒ်ကောင်းများ၊ မက်ဆေ့ဝင်တဲ့နှုန်း အစရှိတဲ့ပေါ်မှာ မှုတည်ပြီးအပြောင်းအလဲရှိပါတယ်။
ဒစ်ဂျစ်တယ် မားကက်တင်းတဲ့ ပတ်သတ်ပြီးတခြားသိခြင်တာတွေရှိတယ်ဆိုရှင် Follow လုပ်ထားလို့ရပါတယ်။
